Page Nav

HIDE

Page Nav

HIDE

Grid

GRID_STYLE

Grid

GRID_STYLE

Pages

Classic Header

{fbt_classic_header}

Header Ad

//

Breaking News

latest

ဆောင်းပါးများ

//

သစ်တောဦးစီးဌာနက ဒီဇင်ဘာ၏ (၁၁) ရက်အတွင်း သစ်ဖမ်းစီးမှု (၃၂) မှုအနက် ပိုင်ရှင်မဲ့ (၂၇) မှုပါဝင်

သစ်တောဦးစီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၀) ခုအတွင်း ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ (၁) ရက်နေ့မှ ဒီဇင်ဘာ (၁၁) ရက်နေ့အထိ တရားမဝင်သစ်များ ဖမ်းဆီးရမ...

သစ်တောဦးစီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၀) ခုအတွင်း ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ (၁) ရက်နေ့မှ ဒီဇင်ဘာ (၁၁) ရက်နေ့အထိ တရားမဝင်သစ်များ ဖမ်းဆီးရမိမှု (၃၂) မှု သတင်းထုတ်ပြန်ခဲ့သည့်အနက် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု (၂၇) မှုပါဝင်သည်ကို တွေ့ရသည်။


တရားမဝင်သစ်များကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ (၁) ရက်နေ့မှ ဒီဇင်ဘာ (၁၁) ရက်နေ့အထိ သစ်တောဦးစီးဌာနက ဖမ်းဆီးရမိထားကြောင်း ထုတ်ပြန်ထားသည့် သတင်းများအရ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ကလေးခရိုင်၊ ကသာခရိုင်၊ ရွှေဘိုခရိုင်၊ ကောလင်းခရိုင်နှင့် ကန့်ဘလူခရိုင်တို့မှ တရားမဝင် သစ်ဖမ်းဆီးမှု (၉) မှုမှ သစ်တန်ချိန် (၇၃.၅၀၂၆) တန်ကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိပြီး  မကွေးတိုင်းဒေသကြီးအတွင်း သရက်ခရိုင်၊ မင်းဘူးခရိုင်နှင့် ပခုက္ကူခရိုင်တို့မှ တရားမဝင်သစ်ဖမ်းဆီးမှု (၄) မှုအနက် ပိုင်ရှင်မဲ့သစ် ဖမ်းဆီးရမိမှု (၃)မှုနှင့် တရားခံ(၂)ဦးဖမ်းမိသည့် (၁)မှုတို့မှ စုစုပေါင်းသစ်တန်ချိန် (၂၉.၄၁၅၂) တန်ကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ပဲခူးတိုင်းဒေသကြီးအတွင်း တောင်ငူခရိုင်တွင် တရားမဝင်သစ်ဖမ်းဆီးမှု (၃) မှုမှ သစ်တန်ချိန် (၁၃၂.၄၉၉၆) တန်ကို ပိုင်ရှင်မဲ့အဖြစ်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း မြောင်းမြခရိုင်တွင် တရားမဝင် သစ်ဖမ်းဆီးမှု (၂) မှုမှ သစ်တန်ချိန် (၄၆.၂၃) တန်ကို ပိုင်ရှင်မဲ့အဖြစ်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း မန္တလေးခရိုင်၊ ပြင်ဦးလွင်ခရိုင်နှင့် ရမည်းသင်းခရိုင်တို့တွင် တရားမဝင်သစ်ဖမ်းဆီးမှု (၃) မှုမှ သစ်တန်ချိန် (၁၆.၇၇၃၆) တန်နှင့် သစ်လုံးရေ (၄၁၈၈) လုံးတို့ကို ပိုင်ရှင်မဲ့ (၂) မှုနှင့် တရားခံ (၁၁) ဦးဖမ်းမိသည့် (၁)မှုတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း တွေ့ရသည်။


ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်နှင့် လွိုင်လင်ခရိုင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်နှင့် ကျောက်မဲခရိုင်တို့မှ တရားမဝင်သစ်ဖမ်းဆီးမှု (၄) မှုမှ သစ်တန်ချိန် (၈၁.၆၅၆) တန်ကို ပိုင်ရှင်မဲ့အဖြစ်လည်းကောင်း၊ ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားခရိုင်နှင့် ဗန်းမော်ခရိုင်တို့မှ တရားမဝင်သစ်ဖမ်းဆီးမှု (၄) မှုတွင် သစ်တန်ချိန် (၆၂.၁၁၄)တန်ကို ပိုင်ရှင်မဲ့ (၃) မှုနှင့် တရားခံ (၅)ဦး ဖမ်းမိသည့် (၁)မှုအဖြစ်လည်းကောင်း၊ မွန်ပြည်နယ်အတွင်း မော်လမြိုင်ခရိုင်တွင် တရားမဝင်သစ်ဖမ်းဆီးမှု (၁) မှုမှ သစ်တန်ချိန် (၁၀.၁၇၅၈)တန်ကို တရားခံ (၁) ဦးဖြင့် လည်းကောင်း၊ ကရင်ပြည်နယ်အတွင်း မြဝတီခရိုင်တွင် တရားမဝင်သစ်ဖမ်းဆီးမှု (၁) မှုမှ သစ်တန်ချိန် (၁၀.၇၀၅၀) တန်ကို ပိုင်ရှင်မဲ့အဖြစ်လည်းကောင်း၊ ကယားပြည်နယ်အတွင်း လွိုင်ကော်ခရိုင်တွင် တရားမဝင်သစ်ဖမ်းဆီးမှု (၁) မှုမှ သစ်တန်ချိန် (၁၀၆.၉၃၆၂)တန်ကို ပိုင်ရှင်မဲ့အဖြစ်လည်းကောင်း အသီးသီး ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။


ဒေသတွင်း သစ်ခိုးထုတ်မှုများကို ဖမ်းဆီးအရေးယူနိုင်ရန်အတွက် သစ်တောဦးစီးဌာနက ပြည်သူလူထု ပူးပေါင်းပါဝင်သည့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်- CMRS ကို အကောင်အထည်ဖော် ဆောင်ရွက်နေရာ မိမိတို့ဝန်းကျင်တွင် သစ်ခိုးထုတ်မှုများကို သတင်းရရှိပါက ဖုန်း ၀၉-၈၈၉၅၇၆၁၆၅ နှင့် ၀၉-၆၆၁၉၂၃၃၉၉ တို့သို့ ဆက်သွယ်အကြောင်းကြားနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။


တရားမဝင် သစ်ခိုးယူထုတ်လုပ်မှုများနှင့်ပတ်သက်၍ သစ်တောဦးစီးဌာနသို့ သတင်းပေးပါက ဖမ်းဆီးရမိ၏ (၂၀)ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ပြန်လည်ချီးမြှင့်မည်ဖြစ်ပြီး တိုင်ကြားသူ၏ ကိုယ်ရေးအချက်အလက်များကို ဖေါ်ပြရန်မလိုအပ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - သစ်တောဦးစီးဌာန


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Header Ad

//