Page Nav

HIDE

Page Nav

HIDE

Grid

GRID_STYLE

Grid

GRID_STYLE

Pages

Classic Header

{fbt_classic_header}

Header Ad

//

Breaking News

latest

ဆောင်းပါးများ

//

တာချီလိတ်သို့ ထိုင်းနိုင်ငံသားများ (၇)ရက်အတွင်း နှစ်သောင်းခွဲကျော် ဝင်ထွက်သွားလာ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ  ချစ်ကြည်ရေး အမှတ်(၁)တံတားမှ တဆင့် ဒီဇင်ဘာလ(6)ရက်နေ့က စ၍ (၇)ရက်တာအတွင်း ညအိပ် နှင့် နေ့ချ...



မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ  ချစ်ကြည်ရေး အမှတ်(၁)တံတားမှ တဆင့် ဒီဇင်ဘာလ(6)ရက်နေ့က စ၍ (၇)ရက်တာအတွင်း ညအိပ် နှင့် နေ့ချင်းပြန်သည့် ထိုင်းနိုင်ငံသား စုစုပေါင်း (၂၅,၀၀၀)ကျော်ရှိခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားရှိသည်။

မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတား မှတဆင့် တာချီလိတ်သို့ ညအိပ် နှင့် နေ့ချင်းပြန် ဝင်ထွက်သွားလာသည့် ထိုင်းနိုင်ငံသား အရေအတွက်မှာ ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၆)ရက်နေ့မှ ဒီဇင်ဘာလ(၁၂)ရက်နေ့အထိ (၇)ရက်တာ ကာလအတွင်း၌ (၂၅,၇၆၀)ဦး ရှိခဲ့ကြောင်း သိရပြီး အများစုသည် တာချီလိတ်သို့ အလုပ် လာရောက် လုပ်ကိုင်သည့် ထိုင်းလူငယ်အများစု ပါဝင်ကြောင်း သိရသည်။

"တာချီလိတ်ကထက် မယ်ဆိုင်ဘက်က လာတဲ့ လူတွေများတယ်၊ အရင်တုန်းက မယ်ဆိုင် နဲ့ တာချီလိတ်ကို နေ့သွား ညပြန်တွေများတယ်၊ အခုနောက်ပိုင်းက တာချီလိတ်မှာပဲ ထိုင်းလူငယ်တွေ ညအိပ်နေပြီး တံတားကူး လက်မှတ် သက်တမ်းပြည့်ခါနီးမှ ဟိုဖက် ပြန်ကြတာတွေများတော့ အရေအတွက်လျော့သွားတယ်။"ဟု  တာချီလိတ်ရှိ  မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားတွင် တာဝန်ကျသည့် အရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ရှိ ချစ်ကြည်ရေး အမှတ်(၁)တံတားမှ တဆင့် တာချီလိတ်သို့ ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ဒီဇင်ဘာလ (၁၂)ရက်နေ့အထိ နေ့ချင်းပြန် နှင့် ညအိပ် ထိုင်းနိုင်ငံသား ဝင်ထွက်သွားလာမှုမှာ (၁,၁၃၂,၃၂၇)ဦး ရှိခဲ့ပြီး ထိုအထဲ၌ တာချီလိတ်တွင် လာရောက် အလုပ် လုပ်ကိုင်သူ နှင့် နေ့ချင်းပြန်သည့် ထိုင်းနိုင်ငံသားများ ပါဝင်သည်။

နယ်စပ်ဒေသ တာချီလိတ်မြို့သို့   အခြား ခရီးစဉ်များအနေဖြင့်  မြဝတီ၊ တမူး နယ်စပ်ဝင်ပေါက်များမှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ ဒီဇင်ဘာလ (၁၂) ရက်နေ့အထိ  တာချီလိတ်နယ်စပ်မှတဆင့် ထိုင်းနိုင်ငံသို့ ထွက်ခွာသည့်  ခရီးစဉ်(၅၆)ခုရှိခဲ့ပြီး  အဆိုပါခရီးစဉ်တွင်  ခရီးသွား (၅၅၅)ဦး ရှိခဲ့သည့်အပြင် တာချီလိတ် နယ်စပ်ဝင်ပေါက်မှ တဆင့် မြန်မာနိုင်ငံ၏ အခြား နယ်စပ် ဝင်ပေါက် ထွက်ပေါက်များသို့ သွားရောက် သည့် ခရီးစဉ် (၉)ခုရှိခဲ့ရာ ခရီးသွား (၁၅၃)ဦး ရှိခဲ့ကြောင်း သိရသည်။

Tachileik News Agency




~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Header Ad

//