Page Nav

HIDE

Page Nav

HIDE

Grid

GRID_STYLE

Grid

GRID_STYLE

Pages

Classic Header

{fbt_classic_header}

Header Ad

//

Breaking News

latest

ဆောင်းပါးများ

//

တိုင်ကြားစာများတွင် fa-s6898798

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ ရှမ်းပြည်နယ်အတွင်းမှ ပေးပို့တိုင်ကြားထားသည့် တိုင်ကြားစာများအနက် ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ လွှဲပ...

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ ရှမ်းပြည်နယ်အတွင်းမှ ပေးပို့တိုင်ကြားထားသည့် တိုင်ကြားစာများအနက် ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ လွှဲပြောင်း ပေးပို့လာသည့် တိုင်ကြားစာများမှာ (၄၁)စောင်ရှိပြီး ကော်မရှင်သို့ (၃၆)စောင်  ပြန်ကြားခဲ့ပြီးကြောင်း  ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက ပြည်နယ်လွှတ်တော်တွင် ဖြေကြားသည်။

ရှမ်းပြည်နယ်အတွင်းမှ ပြည်သူများ အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ ပေးပို့ တိုင်ကြားထားသည့် တိုင်ကြားစာများနှင့် ပတ်သက်၍ ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၁၆)ရက်နေ့က ကျင်းပပြုလုပ်သည့် ရှမ်းပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ကလောမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်က အဂတိလိုက်စားမှုကော်မရှင် အနေဖြင့် ပြန်လည်ပြင်ဆင်သည့် ဥပဒေပြဌာန်းချက်များနှင့် လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အတွင်းမှ တိုင်ကြားစာများအပေါ် ဆောင်ရွက်ထားမှု အခြေအနေကို ပြည်သူများမှ ပွင့်လင်းမြင်သာစွာ သိရှိလိုကြ၍  အောက်ပါအတိုင်း မေးမြန်းလိုက်ခြင်း ဖြစ်သည်။
၂၀၁၈ခုနှစ်မှ ယနေ့အချိန်အထိ ရှမ်းပြည်နယ်အတွင်းရှိ ပြည်သူများမှ အဂတိလိုက်စားမှုကော်မရှင်သို့ ပေးပို့တဲ့ တိုင်ကြားစာ အရေအတွက် မည်မျှရှိသနည်း။ ရောက်ရှိလာတဲ့ အမှုတွဲများကို စိစစ်ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲ ဆောင်ရွက်ရန် ကျန်အမှုတွဲ မည်မျှရှိသနည်း။ နိုင်ငံ့ဝန်ထမ်းများအပေါ်တိုင်ကြားထားသည့် ရာခိုင်နှုန်း၊ ပြည်သူ့ဝန်ထမ်းများအပေါ် တိုင်ကြားထားသည့် ရာခိုင်နှုန်း မည်မျှရှိသနည်း။ ယနေ့အထိ တရားစွဲဆို အရေးယူရန် ဆောင်ရွက်ခဲ့သည့် အမှုအရေတွက်မည်မျှ ရှိသနည်းတို့ပဲ  ဖြစ်ပါတယ်
 ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်၏  မေးမြန်းမှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးလှဦးက အောက်ပါအတိုင်း ပြန်လည်ဖြေကြားသည်။
ရှမ်းပြည်နယ်အတွင်းရှိ ပြည်သူများမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ ပေးပို့ တိုင်ကြားခဲ့သည့် တိုင်ကြားစာများတွင်  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ လွှဲပြောင်း ပေးပို့လာသည့် အမှု အရေအတွက်မှာ ၂၀၁၈ခုနှစ်မှ ယနေ့အချိန်အထိ တိုင်ကြားစာ (၄၁)စောင်ရှိပါတယ်။ တိုင်ကြားစာများ အပေါ် စိစစ်ပြန်ကြားခဲ့မှုမှာ (၃၆)စောင်ရှိတဲ့ အတွက် ပြန်ကြားရန် ကျန်(၅)စောင်ကိုလည်း စိစစ် ဆောင်ရွက်လျက်ရှိပါတယ်
ဆက်လက်၍ အရေးယူမှုနှင့် ပတ်သက်၍လည်း နိုင်ငံဝန်ထမ်း (၁)ဦး နှင့် ပြည်သူ့ဝန်ထမ်း(၁)ဦးတို့ကိုလည်း အရေးယူထားကြောင်း ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးလှဦးက ဖြေကြားသည်။
တိုင်ကြားစာများတွင် နိုင်ငံ့ဝန်ထမ်းများ အပေါ် တိုင်ကြားသည့် အရေအတွက် (၁)ဦး နှင့် ပြည်သူ့ဝန်ထမ်း အပေါ် တိုင်ကြားသည့် အရေအတွက် (၁)ဦးသာရှိ၍ တိုင်ကြားခံရသူ နိုင်ငံ့ဝန်ထမ်း (၁)ဦးအား သက်ဆိုင်ရာ ဝန်ကြီးဌာနဖြစ်သည့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးချုပ်၏ အမိန့်ကြော်ငြာစာဖြင့် နယ်ရွှေ့ပြောင်း တာဝန် ချထားခဲ့ပါကြောင်း နှင့် ပြည်သူ့ဝန်ထမ်း(၁)ဦးအား ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ နောင်တွင် လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်ရန် သတိပေး မှာကြားခဲ့ပြီး ဖြစ်ပါကြောင်း ဖြေကြား တင်ပြအပ်ပါတယ်
ပြည်ထောင်စုလွှတ်တော်က ဥပဒေအမှတ် ၁၀/၂၀၁၈ စတုတ္တအကြိမ် ပြင်ဆင်သည့် ဥပဒေပြဌာန်းချက်အရ အဂတိလိုက်စားမှု ဆိုသည်မှာ လာဘ်ပေးလာဘ်ယူခြင်းများသာ မဟုတ်တော့ဘဲ တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်း တစ်ရပ်ရပ်ကို ဖောက်ဖျက်သည့် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်ဆီးဆုံးရှုံးစေခြင်းဟူသော အချက်အား ထပ်မံဖြည့်စွက်ပြီး အဂတိလိုက်စားမှုကော်မရှင်သို့ ၂၀၁၄ခုနှစ်မှ ၂၀၁၉ခုနှစ် နိုဝင်ဘာလအထိ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်ကြားစာပေါင်း (၂၃၉၆၇)စောင် လက်ခံရရှိထားကြောင်း သိရှိရသည်။

Tachileik News Agency




~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~





Header Ad

//